ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်း မပျောက် လည်ပတ် ရန်ပုံငွေများကို ဩဂုတ်လ ၁၄ ရက်က မြို့မစေတီတောင် ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အဌမအကြိမ်အဖြစ် ထုတ်ချေးပေးခဲ့ရာ ချေးငွေများ ထုတ်ချေးပေးခြင်းကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင်နှင့် ဝန်ထမ်းများက ကျေးရွာအရောက် ကွင်းဆင်းပြီး ထုတ်ချေးပေးခဲ့ကြရာ မြို့မစေတီတောင်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လိုသူ ၃၈ ဦးအား ချေးငွေ ကျပ် ၁၆ ဒသမ၇၀၊မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ ၂၉ ဦးအား ချေးငွေ ကျပ်သန်း ၁၂ ဒသမ ၄၀၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၂၅ ဦးအား ချေးငွေကျပ်သန်း ၁၁.၀၀ နှင့် အသက်မွေးကျောင်း လုပ်ငန်း လုပ်ကိုင်သူ ၁၉ ဦးအား ချေးငွေ ကျပ် သန်း ၈ ဒသမ ၃ စုစုပေါင်း အသင်းဝင် ၁၁၁ ဦးအား လုပ်ငန်း အမျိုးအစားအလိုက် ချေးငွေ ၄၈ ဒသမ ၄ ကို ထုတ်ချေးပေခဲ့ပြီး အဆိုပါ ချေးငွေများ ထုတ်ချေးပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်လမ်း များရရှိကာ မိသားစုဝင်ငွေများတိုးတက်လာမည်ဖြစ်ကြောင်းသိရှိရပါသည်။