ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက် နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်လျှက်ရှိသည့် ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်း ရန်ပုံငွေများ ပြန်လည်ထုတ်ပေးခြင်းကို ၂၀၂၂ ခုနှစ် သြဂုတ် လ(၉) ရက်နေ့တွင် ကျေးရွာ (၇)ရွာရှိ ဒေသခံပြည်သူများအား တတိယအကြိမ် ပြန်လည်ထုတ်ချေးပေးခဲ့ရာ အဆိုပါ ကျေးရွာများ၌ ကျေးရွာမတည် ရန်ပုံငွေ ထုတ်ချေးပေးရာတွင် စိုက်ပျိုးလုပ်ငန်း လုပ်ကိုင်သူ (၁၇၆) ဦးအား (၆၃.၂၂၁) သန်း ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၁၄၄) ဦးအား (၄၃.၀၁၅) ကျပ်သန်း၊ ရေလုပ်ငန်း လုပ်ကိုင်သူ(၁၄) ဦးအား (၃.၃၄၈) ကျပ်သန်း ၊ ကုန် ထုတ် လုပ်ငန်း လုပ်ကိုင်သူ(၅)ဦးအား (၂.၆၀၀) ကျပ်သန်း ၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၃၅) ဦးအား (၁၄.၅၁၂) ကျပ်သန်း နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ(၆) ဦးအား (၁.၉၂၄) ကျပ်သန်းဖြင့် အသင်း သားစုစုပေါင်း (၃၈၀) ဦးအား (၁၂၈.၆၂၀) ကျပ်သန်း ကို ထုတ်ချေးခဲ့ကြောင်း သိရှိရပါသည်။