Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သံတောင်ကြီးမြို့နယ် ကျေးမင်း(အောက်)ကျေးရွာ၌ (VRFP)စီမံကိန်း ရန်ပုံငွေထုတ်ချေး"

09 August 22

ကရင်ပြည်နယ်   သံတောင်ကြီးမြို့နယ်   ကျေးလက်ဒေသ    ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ VRFP စီမံကိန်း ကျေးရွာ ဖြစ်သည့် ကျေးမင်း(အောက်)ကျေးရွာတွင်       ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း  (VRFP) တတိယအကြိမ် ထုတ်ချေးခြင်းကို ယနေ့နံနက် ၁၀နာရီက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း       သံတောင်ကြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိ ရသည်။

သံတောင်ကြီးမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဝင်ကျေးရွာဖြစ်သည့် ကျေးမင်း(အောက်)ကျေး ရွာ ရှိ ကျေးလက်နေပြည်သူများ၏  ဝင်ငွေလျော့နည်းလာမှုနှင့်  စားဝတ်နေရေးအခက်အခဲများကို ဖြည့်စည်း ပေးနိုင်ရန် ရည်ရွယ်၍   ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း   လည်ပတ်ရန်ပုံငွေများကို   သံတောင်ကြီးမြို့နယ်   ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျေးမင်း(အောက်)ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို ၂၀၁၉  -၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ရန်ပုံငွေ ကျပ်သိန်း (၁၀၀) ဖြင့်  စတင်အကောင်အထည်ဖော်  ဆောင်ရွက်ခဲ့ကြောင်း   ယခုအခါ    တတိယနှစ်စက်ဝန်းအဖြစ် စိုက်ပျိုးရေး၊  မွေးမြူရေး၊  အရောင်းအဝယ်  စုစုပေါင်း  အသင်းသူ/သား(၃၁)ဦးအတွက် ငွေကျပ်(၁၀၄)သိန်းထုတ်ချေး ပေးခဲ့ကြောင်း သံတောင်ကြီးမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊    ဦးချမ်းငြိမ်းဝင်း ထံမှ ပြောသိရသည်။