Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စျေးနှုန်းအဆိုပြုလွှာ ဖွင့်ပွဲအခမ်းအနားကျင်းပ

11 August 22

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကရင် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် မွမ်းမံ၊နိုင်ထောက်၊(unicef)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်တည်ဆောက်ရေးလုပ်ငန်းများအတွက်စျေးနှုန်းအဆိုပြုလွှာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀း၀၀)နာရီအချိန်ကရင်ပြည်နယ်ကျေးလက်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်က ယခု၂၀၂၂-၂၀၂၃ဘဏ္ဍာရေးတွင် မွမ်းမံ၊နိုင်ထောက်၊(Unicef) ရန်ပုံငွေဖြင့်တင်ဒါ Lotပေါင်း(၅) ခုရှိပြီး ကုမ္ပဏီပေါင်း(၄)ခုအား ယနေ့တွင် စျေးနှုန်းအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးသွားမည်ဖြစ်ပါသည်။
စျေးနှုန်းအဆိုပြုလွှာများဖွင့်ဖောက်စစ်ဆေးရာတွင် သတ်မှတ်ကြမ်းခင်းစျေးနှုန်းအတွင်း အဆိုပြုတင်သွင်းသည့် ကုမ္ပဏီများမှ စျေးနှုန်းအနဲဆုံးဖြင့်တင်သွင်းသော ကုမ္ပဏီအားစိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားတွင်ထည့်သွင်းပြောကြားသည်။
ထို့နောက်တာဝန်ရှိသူများက ပြည်နယ်တင်ဒါကော်မတီများ၊သက်ဆိုင်ရာကုမ္ပဏီများရှေ့မှောက်တွင် Lot အလိုက် စျေးနှုန်းအဆိုပြုလွှာများအား ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်းသိရသည်။