ကရင်ပြည်နယ် ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၅၃ ဒသမ ၈၉၂ သန်း ဖြင့် ရိုးမဟာ ကုန်ထုတ်တံတား တည်ဆောက်နေမှုကို သြဂုတ် ၉ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူ များက ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်နှင့် တာဝန်ရှိသူများက ရိုးမဟာ ကုန်ထုတ်တံတား တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးရာ ကျေးရွာ လမ်းကော်မတီနှင့် ကုမ္ပဏီမှ တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်နေ မှုအခြေအနေများနှင့် ကုန်ထုတ်လမ်း ထပ်မံ ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ရှင်းလင်း တင်ပြ ကြသည်။
ထို့နောက် ရှင်းလင်းတင်ပြမှုအပေါ် ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်က အရည်အသွေး ပြည့်မီစွာ အချိန်မီပြီးစီးရေး အလေး ထားဆောင်ရွက်ရန်နှင့် လိုအပ်သည့် ကုန်ထုတ်လမ်း ဖောက်လုပ်ရန်အတွက် မြေရရှိရေး ညှိနှိုင်း ဆောင်ရွက်ပေးကြရန် မှာကြားသည်။
အဆိုပါ တံတားမှာ အလျားပေ ၃၀၊ အနံ ၁၄ ပေနှင့် အမြင့် ၈ ပေရှိပြီး တင်ဒါအောင် မြင်သည့် Shwepyi-47 ကုမ္ပဏီက ယခုနှစ် မေ ၁၅ ရက်က စတင် ဆောင်ရွက်ခဲ့ရာ သြဂုတ် ၉ ရက် အထိ လုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း၊ ရိုးမဟာ ကုန်ထုတ်တံတား တည်ဆောက် ပြီးစီးပါက ရိုးမဟာကျေးရွာရှိ တောင်သူ ၁၅၁ ဦးပိုင် လယ်မြေဧက ၅၀၀ ကျော်၏ ထုတ်ကုန်များ သယ်ပို့ရာတွင် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။