Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရခိုင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

08 August 22

        ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား ဇူလိုင်လ နောက်ဆုံး အပတ်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးတွင် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရဲမှူးကြီး သက်လွင်မှ အမှာစကားပြောကြားပြီး  လုပ်ငန်း ကော်မတီ အတွင်း ရေးမှူး၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးတင့်ဝေမှ ကော်မတီ၏ လုပ်ငန်းစဉ် (၆)ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများ အားရှင်းလင်း တင်ပြခဲ့ပါသည်။ ယင်းနောက် တက်ရောက်လာသော လုပ်ငန်း ကော်မတီဝင်များမှ မိမိတို့ ဌာနနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များကို ပူးပေါင်းပါဝင် ဆောင်ရွက်ရန်အတွက် ဆေွးနွေးခဲ့ကြပြီး ရခိုင် ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီအနေဖြင့် လုပ်ငန်းစဉ် (၆)ချက် ဖြစ်သော ကျေးလက်ဒေသအခြေခံအဆောက်အအုံများ ဆောက်လုပ်ရေး၊ ကျေးလက်နေပြည်သူများ၏ လူမူ စီးပွားဘဝ မြင့်မားရေးအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေ တောင်းခံခြင်း၊ နှစ်စဉ် စီမံကိန်းများ ရေးဆွဲ တင်ပြခြင်းများကို ဦးစီးဌာနမှ သတ်မှတ်ထားသော မူဝါဒများနှင့်အညီ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။