Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အိမ်သွယ်ရေတိုင်စနစ်လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

16 August 22

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သပြေအိုင့်ကျေးရွာ၌  အိမ်သွယ်ရေတိုင် စနစ်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဩဂုတ်  ၁၀ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ညောင်ဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့်တာဝန်ရှိသူများက အိမ်သွယ်ရေတိုင်စနစ်လုပ်ငန်း ဆောင်ရွက် နိုင်ရန်အတွက်  မူလရှိပြီး စက်ရေတွင်း (တွင်းနက်)အား တွင်းဆေး၊ တွင်းမှုတ်ခြင်းနှင့် ပိုက်လိုင် သွယ်တန်းမည့်နေရာအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်၊၊

          သပြေအိုင့်ကျေးရွာ၌  အိမ်သွယ်ရေတိုင်စနစ်လုပ်ငန်းကို Shopping Method ဖြင့် ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန မှ ပြည်ထောင်စု (မူလ)ရန်ပုံငွေကျပ်  (၃၉.၄၁)သန်း အကုန်အကျခံကာ  ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် လုပ်ငန်းဆောင်ရွက်မှု  (၂၀)ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ပါသည်။