Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိတ္ထီလာမြို့နယ်တွင် အုတ်ရေကန်တည်ဆောက်ခြင်းနှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးခြင်း

16 August 22

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကန်သာအေးကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၅.၂၉ သန်းဖြင့် အုတ်ရေကန်တည်ဆောက်ခြင်းနှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

                   မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအား သောက်သုံးရေအဆင်ပြေစေရေး မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း၊ စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်း၊ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းနှင့် ရေပိုက် သွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၁၅.၂၉ သန်းဖြင့် ဂါလံ ၂၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း၊ အရှည် ၆၈၀၀ ရှိ နှစ်လက်မရေပိုက်သွယ်တန်းခြင်းလုပ်ငန်း၊ နှစ်ထပ်ပန့်နှင့် ရေမော်တာတပ်ဆင်ခြင်းလုပ်ငန်းများကို ဇွန် ၂၁ ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ၎င်းကျေးလက်ရေရရှိရေးလုပ်ငန်းများမှာ ယခုဆိုလျှင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

                   အဆိုပါ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း၊ နှစ်ထပ်ပန့်နှင့် ရေမော်တာတပ်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ကန်သာအေးကျေးရွာရှိ ဒေသခံ ပြည်သူများမှာ သောက်သုံးရေအတွက် အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။