စစ်ကိုင်း ဩဂုတ် ၁၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး ကန်ဘလူခရိုင်၊ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်ကျေးရွာ၌ "အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု ဆပ်ပြာဆီ၊ဆပ်ပြာခဲနှင့်ခေါင်းလျှော်ရည် ပြုလုပ်နည်းသင်တန်း"ဆင်းပွဲအခမ်းအနားကို (၁၅-၈-၂၀၂၂)ရက်နေ့တွင် အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ကန့်ဘလူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မြင့်လွင်ဦး နှင့် ကန့်ဘလူခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာလာဝင်းတို့ တက်ရောက်ခဲ့ပါသည်။ထို့နောက် ခရိုင်ဦးစီးမှုး ဦးကျော်မြင့်လွင်ဦးမှ အမှာစကားပြောကြားပြီး အဆိုပါသင်တန်းတွင် သင်ကြားပေးသည့် ပညာရပ်များကို မြေပြင်တွင် လက်တွေ့ အသုံးချ၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းဆရာ ဦးဇေယျာကျော်မှ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ သင်တန်းမှ ပြုလုပ်သောလက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ သင်ထောက်ကူပစ္စည်းများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းအား (၁.၈.၂၀၂၂)ရက်နေ့မှ (၁၅.၈.၂၀၂၂)ရက်နေ့အထိ (၁၅)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာလာဝင်း ထံမှ သိရှိရပါသည်။
ကိုမြတ်