Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးခြင်း "

07 August 22

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် လူမူစီးပွား ဘဝဖွံ့ဖြိုးလာစေရန်အတွက်ရည်ရွယ်၍ ထီးလောသေကျေးရွာ၌ သတ္တမအကြိမ် အရင်းမပျောက်လည်ပတ် ရန်ပုံငွေထုတ်ချေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါကျေးရွာတွင် သြဂုတ်လ(၆)ရက်နေ့ ၊ နံနက် (၉)နာရီအချိန်တွင် မြဝတီမြို့နယ် ဦးစီးမှူး ဦးငွေစိုးနှင့် ဝန်ထမ်းများမှ  ‌ကျေးရွာကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ ရန်ပုံငွေများ ရေရှည်လည်ပတ် နိုင်စေရန် ဝိုင်းဝန်းဆောင်ရွက်ကြစေရန် မှာကြားခဲ့ပါသည်။

အဆိုပါကျေးရွာတွင် စီမံကိန်းသတ္တမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်မည့်သူ ၅၃ ဦး ကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၄၂၀) ကို လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။