Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၂၈တွင် ရေရှားပါးပြတ်လပ်မှုမရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိ

15 August 22

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၈ မှ ကျေးရွာ ၈၀ရွာတွင် ရေရှားပါးပြတ်လပ်မှု မရှိစေရေးအတွက် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိရာ ယနေ့အထိ ၄၁ရာခိုင်နှုန်းပြီးစီးနေပြီးဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးမျိုးအောင်က ပြောသည်။

          အဆိုပါမြို့နယ်များအတွင်းရှိ ကျေရွာပေါင်း ၈၀ရွာမှ အိမ်ခြေ ၁၂၉၁၇ လူဦးရေ  ၆၂၉၉၀အတွက် ရေရှားပါးပြတ်လတ်မှုမရှိစေရန် ဇွန်လပထမမှ စတင်ကာ တင်ဒါအောင်မြင်သည့် ကုမ္ပဏီ များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          “တိုင်းဒေသကြီးအတွင်း ရေရှားပါးပြတ်လပ်မှုကြုံတွေ့နိုင်တဲ့ ကျေးရွာတွေကို ရေရရှိနိုင်မယ့် နည်းလမ်းများနှင့် ဆောင်ရွက်ပေးလျက်ရှိရာမှာ ခုဆိုရင် ၄၁ရာခိုင်နှုန်းပြိးစီးနေပါပြီး။အခု ဘဏ္ဍာနှစ် မှာကျေးရွာတွေ ရေရရှိရေးဆောင်ရွက်ဖို့ ပြည်ထောင်စုကနေ ဘတ်ဂျတ်ချထားပေးပါတယ်။ ပဲခူးတိုင်းဒေသကြီးမှာ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၆၀၀ကျော်နဲ့ ရေရရှိလုပ်ငန်းတွေ အကောင် အထည်ဖော်နေပါတယ်” ဟု ၎င်းကပြောသည်။

          ရေရှားပါးပြတ်လပ်မှုမရှိစေရေးအတွက် ရေရရှိနိုင်မည့် နည်းလမ်းများဖြင့် ဆောင်ရွက်ရာတွင် တွင်းတိမ် ၁၀တွင်း၊ တွင်းနက် ၄၇တွင်း၊ လက်တူးတွင်း ၃တွင်း၊ မြေသားရေကန် ၁၄ကန်၊ အခြားလုပ်ငန်း ၁၃ခု စုစုပေါင်း လုပ်ငန်းပေါင်း ၈၇ဖြင့် ယခုဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။