ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင် ၊ ရသေ့တောင်မြို့နယ်၊ ဘာထလေကျေးရွာအုပ်စု၊ ဘာထလေကျေးရွာ စိမ့်စမ်းရေသွယ်တန်းခြင်း ၁၆ ပေ ×၂၀၀ ပေ၊ ရေစုကန် ၁၅ ပေ× ၂၀ ပေ × ၆ပေ ရေတာတမံ ၇၅ပေ ×၂ ဒသမ ၆ပေ × ၆ ပေနှင့် Distribution Tank 3 ၁၂ ပေ × ၉ပေ ×၆ ပေ× တည်ဆောက်ခြင်းလုပ်ငန်းကို ဩဂုတ် လ ၂ ရက်နေ့က မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဦး (လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ)) နှင့် ဌာနဝန်ထမ်းများ၊ ယန္တရားရွှေစင် ကုမ္ဗဏီမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းပြီး ရေတာတမံ တည်ဆောက်မည့်နေရာ၊ ရေစုကန် တည်ဆောက်မည့်နေရာနှင့် ရေပိုက်လိုင်း သွယ်တန်းမည့် အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ပြီး ရသေ့တောင် မြို့နယ် ဘာထလေကျေးရွာအုပ်စုပ် ၊ ဘာထလေကျေးရွာ စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းအား ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စု ခွင့်ပြု ရန်ပုံငွေကျပ် ၉၅ ဒသမ ၆၀၂၀ သန်းဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး ဘာထလေကျေးရွာရှိ အိမ်ထောင်စု ၄၂၆ လူဦးရေ ၂၁၄၄ ဦးအကျိုးခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။