Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Cash for Workစီမံကိန်းဖြင့်ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

11 August 22

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာနှစ်တွင် Cash for Workစီမံကိန်းဖြင့် စိုင်ပစ်အင်းကျေးရွာ၌ မြေသားရေကန်တူးဖော်ခြင်းနှင့် ရွာတွင်းလမ်းတိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ ကို ယနေ့တွင်  တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူးဦးဌေးဇော်နှင့်ဝန်ထမ်းများက ကျေးရွာရပ်မိရပ်ဖများနှင့်အတူ မြေသားရေကန် တူးဖော်မှုနှင့် ရွာတွင်းလမ်းတိုးချဲ့မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အချောသတ်ပြီးစီးနိုင်ရေး ကျေးရွာနေ ရွာသူ၊ရွာသားများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

          ပေါက်ခေါင်းမြို့နယ်‌ စိုင်ပစ်အင်းကျေးရွာ၌ Cash for Workစီမံကိန်းရန်ပုံငွေ ကျပ်သိန်း၁၀၀ဖြင့် အလျား ၁၀၅ပေ၊ အနံ ၉၅ပေ၊အမြင့် ၄ပေရှိသော မြေသားရေကန်တူးဖော်ခြင်းနှင့် အရှည်ပေ ၁၁၅၀၊ အကျယ် ၅ပေ၊ ထု ၉လက်မရှိသော ရွာတွင်းလမ်းတိုးချဲ့မှုလုပ်ငန်းကို ၂၀၂၂ခုနှစ်၊ဇူလိုင် ၁၃ရက်မှ စတင်၍ ကျေးရွာပြည်သူများကိုယ်တိုင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၈၀ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရသည်။