Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဒိုက်ဦးမြို့နယ် ဆင်စခန်းအရှေ့ကျေးရွာ၌ ဂဝံမြေလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး

10 August 22

ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်ခရိုင်၊ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆင်စခန်းအရှေ့ကျေးရွာ၌ ဂဝံမြေသားလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဩဂုတ်၆ရက်နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးအောင်မြင့်ထွန်းနှင့်ဝန်ထမ်းများက ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာတွင်းဂဝံမြေသားလမ်းခင်းနေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်ရက်အတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီနိုင်ရေး အလေးထား‌ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။

          ဒိုက်ဦးမြို့နယ်‌ ဆင်စခန်းကျေးရွာအုပ်စု ဆင်စခန်းအရှေ့ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေကျပ်သိန်း၁၀၀ဖြင့် အရှည်ပေ ၁၅၅၀၊ အကျယ် ၁၂ပေ၊ အမြင့် ခြောက်လက်မရှိသော ကျေးရွာတွင်လမ်းမြေသားလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်မှစတင်၍ ကျေးရွာပြည်သူများကိုယ်တိုင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၆၀ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်း ကျေးလက်နေပြည်သူများ၏ လမ်းပန်ဆက်သွယ်ရေး အဆင်ပြေ ချောမွေ့ပြီး စီးပွားရေး၊လူမူရေး၊ကျန်းမာရေးများအတွက် များစွာအထောက်အကူပြုရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။