ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်ခရိုင်၊မိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု၊ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဟွေပါဆပ်-ဆီငင်း ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ဩဂုတ် ၅ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်နှင့်တာဝန်ရှိသူများသည် တင်ဒါအောင်မြင်သော ကုမ္ပဏီမှ တာဝန်ရှိ သူများ ကျေးရွာကုန်ထုတ်လမ်း ကော်မတီဝင်များနှင့်အတူ ဟွေပါဆပ်-ဆီငင်း ကျေးလက် ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ လုပ်ငန်းများအချိန်မီပြီးစီးရေး ဆောင်ရွက်သွားကြရန် ဆွေးနွေး မှာကြားသည်။
ဟွေပါဆပ်-ဆီငင်းကျေးလက်ကုန်ထုတ်လမ်းအရှည် ၂မိုင်၄ဖာလုံနှင့်အဆိုပါ ကုန်ထုတ်လမ်း ပေါ်ရှိ Box Culvert တံတားသုံးစင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၁၂၄ ဒဿမ ၂၁ သန်းဖြင့် တင်ဒါအောင်မြင်သည့် သီရီမိုင်ကုမ္ပဏီ နှင့် ဈာန်ဓန ကုမ္ပဏီတို့က တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက ကုန်ထုတ်လမ်းဘေးဝဲယာရှိ ကျေးရွာငါးရွာမှ အိမ်ခြေ ၃၈၆အိမ်ရှိ လူဦးရေ ၂၀၅၀ ဦးတို့၏ စိုက်ပျိုးမြေဧက ၁၁၅ ကျော်မှ ထွက်ရှိသော လယ်ယာထုတ်ကုတ် ထွက်ကုန်များကို ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာ စွာ သယ်ယူဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မိုင်တုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနဦးစီးမှူးဦးစိုင်းအောင်မျိုးထက်ထံမှသိရသည်။