Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေး၊မွေးမြူရေးသင်တန်းဖွင့်"

03 August 22

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်ခရိုင်၊ မိုင်းတုံ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းရရှိရန် နှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး၊မွေးမြူရေးသင်တန်း ဖွင့်ပွဲကို ဩဂုတ် ၁ ရက်တွင်  လွယ်ခမ်းလုံကျေးရွာ  ခန်းမ၌ ကျင်းပသည်။

          ရှေးဦးစွာ မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာန ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်က  အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေး၊မွေးမြူရေးသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ နှင့်  ရှေ့ဆက်လက်ဖွင့်လှစ်သွားမည့် သင်တန်းများနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍  စိုက်ပျိုးရေးဦးစီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ  သင်တန်းနည်းပြ ဆရာများက သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များ၊သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့်  စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားကာ  တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများနှင့်အသိပညာပေး လက်ကမ်းစာစောင်များကို သင်တန်း သားများထံ ပေးအပ်ကြသည်။

          အဆိုပါ စိုက်ပျိုးရေး၊မွေးမြူရေး သင်တန်းသို့  မိုင်းတုံမြို့နယ်အတွင်းရှိ လွယ်ခမ်းလုံကျေးရွာ၊ လုပါခိုင်ကျေးရွာ၊ပါခတ်ကျေးရွာ၊ပန်စလီကျေးရွာနှင့် နောင်လဲကျေးရွာတို့မှ သင်တန်းသား သင်တန်းသူ ၃၀ ဦး  တက်ရောက်ကြပြီး သင်တန်းတွင် ကောင်းမွန်သော စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့် ကောင်းများနှင့် မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ စသည့် သင်ခန်းစာ အမျိုးမျိုးကို ကျွမ်းကျင်နည်းပြဆရာများက ဩဂုတ် ၁ ရက် မှ ၂၀ ရက်အထိ အခမဲ့သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။