Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မလှိုင်မြို့နယ် ကျောင်းစုနောက်ကျေးရွာတွင် ကုန်ထုတ်လမ်း၊ တံတားနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

07 August 22

မန္တလေးတိုင်းဒေသကြီး၊ မိထ္တီလာခရိုင်၊ မလှိုင်မြို့နယ်   ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက  ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်(၄၂.၈၈) သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျောင်းစုနောက်ကျေးရွာ၌ ကျေးလက်ကုန် ထုတ်လမ်း၊ တံတားနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်၊ မလှိုင်မြို့နယ်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စုစု၊ တာဝန်ခံအင်ဂျင်နီယာ နှင့် ဝန်ထမ်းများသည် တင်ဒါအောင်မြင်သည့်  MTK Global Engineering ကုမ္ပဏီက တာဝန် ယူဆောင်ရွက်နေသော ကျောင်းစုနောက်ကျေးရွာ၌  အရှည် ၄ဒသမ ၅ဖာလုံရှိ မြေသားတင်ဂျင် ခင်းခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်တွင် ပေ(၆၀×၂၀)ရေကျောင်တစ်စင်းတည်ဆောက်ခြင်း လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရှိ ရပ်မိ/ရပ်ဖများ ကော်မတီဝင်များနှင့် တွေ့ဆုံကာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ  အချိန်မီ ပြီးစီးရေး ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။

     အဆိုပါ ကျောင်းစုနောက်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း၊တံတားနှင့် ဆက်စပ် လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၁၅၉အိမ်၊ လူဦးရေး၈၄၁ ဦးရေတို့၏ စိုက်ပျိုးမြေဧက ၂၅၀ကျော်မှ ထွက်ရှိသော စိုက်ပျိုးသီးနှံများ ကုန်ကျစရိတ် သက်သာစွာဖြင့် အလွယ်တကူသယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း မလှိုင်မြို့နယ်   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုက ပြောပြ၍သိရသည်။