Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ကျေးရွာ ၃၂၅ရွာ၌ ဆောင်ရွက်မည်

08 August 22

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနသည် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀နှုန်းဖြင့် ကျေးရွာ ၃၂၅ရွာ၌ အကာင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၇မြို့နယ်ရှိ ကျေးရွာ ၃၂၅ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်း(VDP)ကို ခွင့်ပြုငွေကျပ်သိန်း ၁၀၀နှင့် ပြည်သူထည့်ဝင်ငွေများဖြင့်  လမ်း ၂၈၅လမ်း၊ တံတား ၁၆စင်း၊ ရေပေးဝေရေးလုပ်ငန်း ၈ခု၊ မီးလင်းရေးလုပ်ငန်း ၁၄ခု၊ စာကြည်တိုက် ၁ခု၊ ခန်းမ ၆ခုအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။

          စီမံကိန်းဆောင်ရွက်နိုင်ရန် ကျေးရွာများရွေးချယ်ရာတွင် သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက စီမံကိန်းလက်ဆွဲပါ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။