မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မိတ္ထီလာခရိုင် သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံဂဟေဆက် သင်တန်းဖွင့်ပွဲကို ဩဂုတ် ၄ ရက်တွင် အဆိုပါ ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မိတ္ထီလာခရိုင်ကျေးဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်ဝင်းမှ အမှာစကားပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန နည်းပြ ဆရာ ဦးမိုးမင်းက သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ သာစည်မြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ သင်တန်းသား ၁၀ဦး တက်ရောက်ပြီး သင်တန်းတွင် အခြေခံဂဟေဆက်နည်း သင်ခန်းစာများကို သင်တန်းနည်းပြ များက စာတွေ့၊ လက်တွေ့ဖြင့် ဩဂုတ် ၄ ရက်မှ ၁၈ ရက်အထိ သင်တန်းကာလ ၁၅ ရက်ကြာ အခမဲ့ သင်ကြားမည် ဖြစ်ကြောင်း သိရသည်။