Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျောက်ပန်းတောင်းမြို့နယ် မြေစွန်းကျေးရွာ၌ လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

08 August 22

ညောင်ဦးခရိုင်၊ ဩဂုတ်လ (၅) ရက်

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် မြေစွန်းကျေးရွာ၌  Cash For Work(CFW) စီမံကိန်းဖြင့်  ဂျင်းလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုကို ဩဂုတ်လ (၄) ရက်နေ့ နံနက်ပိုင်းတွင်  တာဝန်ရှိသူများက  ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်ကြည့်ရှုရာတွင် ညောင်ဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး  ဦးခင်မောင်ကျော်၊  ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း နှင့် အင်ဂျင်နီယာအဖွဲ့များသည် ကျေးရွာစီမံကိန်းကော်မတီများနှင့်အတူ မြေစွန်းကျေးရွာ တွင် Cash For Work(CFW) စီမံကိန်းဖြင့် အရှည် (၂၈၇၅) ပေ ၊အကျယ် ( ၁၀ )ပေ ၊ထု(၉)လက်မ ရှိသည့် ဂျင်းလမ်းခင်းခြင်း လုပ်ငန်းအား  စီမံကိန်းရန်ပုံ ငွေကျပ် (၁၀)သန်းဖြင့် ဆောင်ရွက်နေမှုကို စစ်ဆေးခဲ့ပါသည်။

            အဆိုပါ ဂျင်းလမ်းခင်းခြင်းလုပ်ငန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ  ဝန်ထမ်းများ၏  အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်ခြင်းဖြစ်ပြီး  အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက မြေစွန်းကျေးရွာရှိ ဒေသခံပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ် ရေး ကောင်းမွန်စွာသွားလာနိုင်မည်ဖြစ်ပါသည်။