Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျောက်ဆည်မြို့နယ် ကျေးရွာ(၃)ရွာ၌ ကွန်ကရစ်လမ်းခင်းနေမှု စစ်ဆေး

07 August 22

ကျောက်ဆည်၊ ဩဂုတ် ၄                                                                                                      မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနကကျောက်ဆည်မြို့နယ် ကျေးရွာ(၃)ရွာ၌ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေဖြင့် ရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးနှင့် တာဝန်ရှိသူများသည် စီမံကိန်း ကော်မတီဝင်များနှင့်အတူ ကျောက်ဆည်မြို့နယ်အတွင်းရှိ တုံလုံ ၊ရန်ဘတ်လိုနှင့် အေးကျေးရွာ တို့တွင် ရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု  အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးကလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ကျောက်ဆည်မြို့နယ်တုံလုံ၊ရန်ဘတ်လိုနှင့်အေးကျေးရွာတို့တွင် ကျေးရွာတစ်ရွာလျှင် ရွာတွင်းလမ်းအရှည် ၆၆၅ပေ၊အကျယ်၁၂ပေနှင့် ဒုခြောက်လက်မရှိ ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) ပံ့ပိုးရန်ပုံငွေကျပ် သိန်း၃၀၀နှင့် ကျေးရွာ ပြည်သူလူထု ထည့်ဝင်ငွေများဖြင့် ကျေးရွာသူ။ကျေးရွာသားများကိုယ်တိုင် ယခုနှစ်ဩဂုတ်လ(၃) ရက်နေ့ကစတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင်လုပ်ငန်းများ၏ (၃၀) ရာခိုင်နှုန်းခန့်ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိကျေးလက် နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် များစွာအကျိုးပြုမည်ဖြစ်ပြီး အိမ်ထောင်စု (၄၃၃)စု၊ လူဦးရေ(၁၈၇၀)၏ သွားလာရေး ယခင်ကထက် မှာကြားခဲ့ကြောင်းသိရသည်။

 

                                                                                                     အေးသူ