Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဘူးသီးတောင်မြို့နယ်၌ ရေပေးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း

03 August 22

   ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ်ကျေးရွာများ၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်မည့် ရေပေးရေး လုပ်ငန်းများကို တာဝန်ရှိ သူများကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ရာ စစ်ဆေး ဆောင်ရွက် ရာတွင် ဘူးသီးတောင်မြို့နယ် ငလှမ်းပြင် ကျေးရွာ၌ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ဖြင့် ဆောင်ရွက်မည့် မြေသားရေကန် အနက် တူးဖော်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်း ဆောင်ရွက်မည့် လုပ်ငန်းတို့ကို တာဝန်ခံ အင်ဂျင်နီယာ နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်းသိရှိရ ပါသည်။