ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် ပြည်ထောင်စု ခွင့်ပြု ရန်ပုံငွေဖြင့် ဇင်ချောင်းသား ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေသည့် ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်း(IDP Camp) အတွင်း ရေပေးရေးလုပ်ငန်း(၄"ø´၆၅')တွင်းတိမ်(၂)တွင်း၊ဂါလံ(၁၆၀၀၀)ဆံ့ရေကန်(၁)ကန်၊ ဂါလံ(၁၅၀၀)ဆံ့ ရေဝေကန်(၁၅)ကန်၊ ဂါလံ (၆၀၀၀)ဆံ့အမြင့် တင် ရေစင်(၁)လုံးတည်ဆောက်ခြင်း၊ ရေပိုက်လိုင်း (၇၀၀၀)ပေသွယ်တန်းခြင်း၊ Pump House (၁၅'×၁၀'×၉') တည်ဆောက်ခြင်းနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်း ခွင့်ပြု ရန်ပုံငွေကျပ်(၁၂၄.၁၈၇)သန်းဖြင့် တင်ဒါ အောင် မြင်သည့် ဇင်ချောင်းသား ကုမ္ပဏီမှရေပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဦးကျော်ညွှန့်၊ပြည်နယ် တာဝန်ရှိသူများနှင့်အတူ ခရိုင်၊မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ လုပ်ငန်းခွင်သို့(၂.၈.၂၀၂၂) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး ဆောင် ရွက်ခဲ့ပြီး လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးနိုင်ရေးနှင့် စံချိန် စံညွှန်း ပြည့်မီစွာဆောင်ရွက်နိုင်ရေးအတွက်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ရေပေးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျောက်တစ်လုံးကယ်ဆယ်ရေးစခန်း (IDP Cump)အတွင်းနေထိုင်သည့် အိမ်ခြေ(၃၇၆)အိမ်၊ လူဦးရေ(၁၀၆၆)ဦးတို့၏ သန့်ရှင်းသောသောက်သုံးရေများဖူလုံစွာရရှိနိုင်မည့် အကျိုးကျေးဇူးများကို ခံစားရမည်ဖြစကြောင်း သိရှိရပါသည်။