ကျောက်ဆည် ဩဂုတ် ၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အဆင့်မြင့် Microsoft Excel သင်တန်းဖွင့်ပွဲကို ဩဂုတ် ၁ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်က ဌာနတွင်းဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးနှင့် နည်းပညာဖွံ့ဖြိုးရေး အတွက် ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အဆင့်မြင့် Microsoft Excel သင်တန်း ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားပို့ချပေးမည့် အဆင့်မြင့် Microsoft Excel သင်ခန်းစာများကို လက်တွေ့နယ်တွင် ပြန်လည်အသုံးချနိုင်ရေး ဂရုတစိုက်လေ့လာသင်ယူကြ ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြ ဆရာမဒေါ်ယဉ်ယဉ်က သင်တန်းတွင် ပို့ချမည့်ဘာသာရပ် များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနများမှ ဝန်ထမ်းသစ်သင်တန်းသား၊ သင်တန်းသူ ၁၀ဦး တက်ရောက်ခဲ့ပြီး သင်တန်းတွင် အဆင့်မြင့် Microsoft Excel ဘာသာရပ်များကို သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့ဖြင့် ဩဂုတ် ၁ ရက်မှ ဩဂုတ်၂၆ ရက်ထိ အခမဲ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမြင့်မိုရ်