ကျောက်ဆည်၊ဇူလိုင်၃၁
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျောက်ဆည်မြို့နယ်အတွင်း ကျေးလက်ရေရှိရေးနှင့် ကုန်ထုတ်လမ်း၊ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး ကျေးလကဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး( နည်းပညာ )ဒေါ်ဝင့်ဝါဖြူ၊ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးနှင့် တာဝန်ခံအင်ဂျင်နီယာများနှင့်အတူ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းမူလရန်ပုံငွေကျပ် ၉၅ ဒသမ ၉၆၆ သန်းဖြင့် အရှေ့ငယ်တိုးကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ ငှက္ကတောင်ကျေးရွာနှင့် ထားဝယ်ကျေးရွာတို့၌ စက်ရေတွင်းတူးဖော်ခြင်နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။
ထို့နောက် ငွေလုံးငွေရင်းအသုံးစရိတ် မူလရန်ပုံငွေကျပ် ၁၁၉.၆၂၄ သန်းဖြင့် ရွှေခြံမြင့်မိုရ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် သာစည်ကျေးရွာ ကုန်ထုတ်လမ်း၂မိုင်၂ဒသမ ၄၈ ဖာလုံမြေသားတင်ဂျင်းခင်းခြင်းနှင့်အဆိုပါလမ်းပေါ်တွင် Box Culvert တစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဒေါ်ဝင့်ဝါဖြူက သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာကုမ္ပဏီက တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်းသိရသည်။
အေးသူ