Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိတ္ထီလာမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

03 August 22

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ် သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ဇူလိုင် ၃၀ ရက်တွင် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)၌ ကျင်းပသည်။

ရှေးဦးစွာ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)မှ ကျောင်းအုပ်ဆရာကြီး ဦးသာဝက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များရရှိစေရန် ရက်ကန်းနှင့် အသက်မွေးဝမ်းပညာသင်တန်းကျောင်းတွင် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်တစ်နှစ်သင်တန်း၊ လက်ရက်ကန်းခြောက်လသင်တန်း၊ စက်မောင်းစက်ပြင် နှစ်နှစ်သင်တန်း၊ အခြေခံစက်ချုပ် တစ်လသင်တန်း၊ အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း တစ်လသင်တန်း၊ အခြေခံသံဂဟေဆက် နည်းပညာတစ်လသင်တန်း၊ သစ်သီးဝလံအခြေခံစားသောက်ကုန် တစ်ပတ်သင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ တစ်ပတ်သင်တန်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်းနှင့် ယခုဖွင့်လှစ်ပေးသော သင်တန်းမှ သင်ကြားပို့ချ ပေးသည့်ဘာသာရပ်များ အား သင်တန်းသူများအနေဖြင့် စဉ်ဆက်မပြတ်လေ့လာပြီး တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ် များ ထူထောင်၍ မိသားစုဝင်ငွေတိုးပွားလာစေရေး ဆောင်ရွက်ကြရန် ပြောကြားသည်။

ယင်းနောက် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးဆုမွန်က သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူ မမြတ်နိုးပြည့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးဆုမွန်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်၊ ကျောင်းအုပ်ဆရာကြီး ဦးသာဝနင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။

အဆိုပါအခြေခံစက်ချုပ်သင်တန်းကို ဇူလိုင် ၁ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ် ခဲ့ပြီး ရမည်းသင်း၊ ပျော်ဘွယ်၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ သင်တန်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။