ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ဖြင့် မင်းဘာကြီး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ကံ့ကော်တောင်ကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ Box Culvert (၁၀) စင်း တည်ဆောက်နေမှုအား မြို့နယ်ဦးစီးမှူး၊ တာဝန်ခံ အင်ယာ တို့မှ ကွင်းဆင်း စစ်ဆေးခဲ့ရာ အဆိုပါ လုပ်ငန်းအား ပြည်ထောင်စု ရန်ပုံငွေ (၈၀.၉၄၃) ကျပ်သန်းဖြင့် ၎င်း ကျေးရွာ၏ ကျေးလက်နေ ပြည်သူများ ကုန်ထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန် တည်ဆောက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။