ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျောက်တစ်လုံးကျေးရွာ IDP Camp ၌ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျောက်ဖြူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူးဦးအောင်သက်ဦး နှင့် ဝန်ထမ်းများက ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ကျောက်တစ်လုံးကျေးရွာ IDP Camp၌ ရေရရှိရေး အမြှင့်တင်ရေစင် တည် ဆောက်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် စံချိန်စံညွှန်း ပြည်မီစွာ အချိန်မီ ပြီးစီးရေး ဆွေးနွေးမှာကြားပြီး အဆိုပါကျေးရွာ၌ ရေရရှိရေး ဂါလံ ၆၀၀၀ ဆံ့ အမြှင့် တင်ရရေစင် တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၂၈ ဒသမ ၉ သန်းဖြင့် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံးကျေးရွာ IDP Camp၌ ယခု ဘဏ္ဍာနှစ်တွင် လေး လက္မ တွင်းတိမ် နှစ်တွင်း တူးဖော်ခြင်း၊ ဂါလံ ၁၆၀၀၀ ဆံ့ ရေစုကန် တစ်လုံး တည်ဆောက်ခြင်း၊ ဂါလံ ၁၅၀၀ ဆံ့ ရေဝကန် ၁၅ လုံး တည် ဆောက်ခြင်း၊ ဂါလံ ၆၀၀၀ ဆံ့ အမြှင့်တင်ရေစင်တစ်ခု တည်ဆောက်ခြင်း၊ ရေပိုက်လိုင်း ပေ ၇၀၀၀ သွယ်တန်းခြင်း၊ Pump House တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ တပ်ဆင်ခြင်း၊ ခြံစည်းရိုး အရှည် ၂၆၈ ပေ ကာရံ ခြင်း လုပ်ငန်းတို့ကို ခွင့်ပြု ရန်ပုံငွေ ကျပ် ၁၂၆ ဒသမ ၉၈ သန်းဖြင့် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီက ဇွန်လ ပထမ အပန်က စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး၏ ၃၀ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။