Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ရေးသင်တန်း ဖွင့်ပွဲကျင်းပ

02 August 22

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ရေးသင်တန်း
ဖွင့်ပွဲကျင်းပ
=================================
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ရေးသင်တန်း
ဖွင့်ပွဲ အခမ်းအနားကို (၂-၈-၂၀၂၂)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရုံးအမှတ်(၃၆)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သု‌တေသနခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦး‌သိန်းလွင်က သင်တန်းအဖွင့် အမှာစကားပြောကြားသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး/ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သင်တန်းသား/သူ ( ၃၅ )ဦး တက်ရောက်ကြပြီး၊ သင်တန်းကာလမှာ (၂-၈-၂၀၂၂) ရက်နေ့မှ (၃-၈-၂၀၂၂ )ရက်နေ့ထိ ၂ ရက်ကြာ သင်ကြားပို့ချ‌ပေးမည်ဖြစ်ကြောင်းသိရသည်။