ရခိုင်ပြည်နယ်၊သံတွဲခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး၊ ဦးအောင်သိန်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) သည် ဇူလိုင် ၂၉ ရက် ညနေပိုင်း အချိန်က သံတွဲခရိုင် နှင့် သံတွဲမြို့နယ်ရုံးမှ တာဝန်ခံအင်ဂျင်နီယာများ လိုက်ပါ၍ ၂၀၂၂- ၂၀၂၃ ခုဘဏ္ဍာနှစ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် စောဝတီကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေသော သံတွဲမြို့နယ်၊ ရွှေကျောင်းပြင်ကျေးရွာအုပ်စု၊ ရွှေကျောင်းပြင် ကျေးရွာ အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်း ဂျိက္ကတောင်ပိုင်း အနောက်ပိုင်း၊ အလယ်ပိုင်း၊ ရေပိုက်လိုင်း သွယ်တန်းနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ရာကွင်းဆင်းစစ်ဆေးစဉ် ပိုက်လိုင်း (၄/၁၃) မိုင်သွယ်တန်းခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း (၆'×၆ '×၇") ၊ ရေတင်ပန့် တပ်ဆင်ခြင်း နှင့် Meterbox မီးလိုင်းသွယ်တန်းခြင်း၊ ဂါလံ (၂၄၀၀) ဆံ့ Overheat Tank တည်ဆောက်ခြင်း၊ (၁၀'×၁၀'×၄") ခြံစည်းရိုးကာရံခြင်း (၄၀၀'×၅') ၊ ရေမီတာ (၃၀၀) ခုတပ်ဆင်ခြင်း အပါအဝင် လုပ်ငန်းများကို မြေပြင်ကွင်းဆင်း ကြည့်ရှု စစ်ဆေး၍ ဆောင်ရွက်ရန် လိုအပ်သည်များ နှင့် အရည်အသွေး ကောင်းမွန်စွာ ဆောင်ရွက်ရေး ကုမ္ပဏီမှ တာဝန်ခံများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။