Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မာန်အောင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာနှစ်ရွာ ရန်ပုံငွေကျပ်သိန်း ၃၀၀ စီထုတ်ချေး

30 July 22

   ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းကျေးရွာ နှစ်ရွာဖြစ်သည့် ပန်းဖဲကျေးရွာအုပ်စု၊ မကျည်းကုန်းကျေးရွာနှင့် ကန့်ကော်တောကျေးရွာအုပ်စု၊ ဖက်ယားကျေးရွာတို့တွင် ဇူလိုင် ၂၈ ရက် နေ့လည်ပိုင်းအချိန်က မာန်အောင်မြို့နယ်ကျေးလက် ဦးစီးမှူး ဦးမောင်မောင်လွင်၊ ဦးစီးအရာရှိ ဒေါ်ခင်မာဝင်း နှင့် စီမံကိန်း တာဝန် ခံဝန်ထမ်းများက အဖွဲ့ နှစ်ဖွဲ့ခွဲ၍ ကျေးရွာတစ်ရွာလျင်  မတည်ရန်ပုံငွေ  ကျပ်သိန်း  ၃၀၀  စီအား ကျေးရွာမြစိမ်းရောင် ကော်မတီ စီမံကိန်းလုပ်ငန်းအဖွဲ့မှ ထုတ်ချေးပေးနေမှုအပေါ် စာရင်းဇယားများ မှားယွင်းမှုမရှိစေရန် အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးခဲ့ရာမြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က ကျေးရွာ နှစ်ရွာနှင့် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျေးရွာပေါင်း ၃၆ ရွာရှိလာပြီး ကျေးလက်နေပြည်သူများ ၏ အသက်မွေးဝမ်းကျောင်း ဆောင်ရွက်နိုင်ရန်အတွက် အသင်းဝင်များက သက်သာသော အတိုးနှုန်း ဖြင့် ချေးယူနိုင်ပြီး ရရှိလာသော အတိုးငွေများကိုလည်း ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တွင် ဆောင်ရွက်နိုင်သည့် အကျိုးကျေးဇူးရရှိသည့် စီမံ ကိန်းလုပ်ငန်းတစ်ခုဖြစ်ပြီး ယခု ထုတ်ချေးသည့် မကျည်းကုန်း ကျေးရွာတွင် အသင်းဝင် ၁၁၈ ဦးနှင့် ဖက်ယားကျေးရွာ တွင် အသင်းဝင် ၈၀ တို့အား စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် အရောင်းအဝယ် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။