Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျောက်ဆည်မြို့နယ်ကျေးရွာ(၂)ရွာ၌ (VRFP) စီမံကိန်းရန်ပုံငွေထုတ်ချေး

27 July 22

ကျောက်ဆည် ဇူလိုင် ၂၆

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကကျေးလက်နေပြည်သူများ၏ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကိုကုစား ပေးနိုင်ရန်ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေ  ( VRFP )စီမံကိန်း ကျေးရွာဖြစ်သည့် ရဲကျေးရွာနှင့် ရေကြည်ကျေးရွာတို့၌ ကျေးရွာမတည်ရန်ပုံငွေ (VRFP)စီမံကိန်း ရန်ပုံငွေ တတိယအကြိမ် ထုတ်ချေး ခြင်းကို ဇူလိုင်(၂၅)ရက်က အဆိုပါရဲကျေးရွာနှင့် ရေကြည်ကျေးရွာတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်သင်းသင်းအေးကလုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့်  အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်နိုင်ရန်၊ မိသားစုစားဝတ်နေရေးအခက်အခဲများလျော့နည်း စေရန်ရည်ရွယ်၍(VRFP)စီမံကိန်းရန်ပုံငွေထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

          ထို့နောက် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ သက်ဆိုင်ရာ ကျေးရွာကော်မတီဝင်များနှင့်အတူ ရဲကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၂၅)ဦး အား ငွေကျပ်(၁၂၂)သိန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၃၆)ဦးငွေကျပ် (၁၄၆၅၀၀၀၀)အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ (၂၁)ဦးအား ငွေကျပ်(၆၁၅၀၀၀၀)နှင့် ရေကြည်ကျေးရွာမှ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ (၁၀၄)ဦးအား ငွေကျပ်(၂၇၉)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၁၃)ဦးအား ငွေကျပ် (၁၅)သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၁၂)ဦးအား ငွေကျပ်(၃၆)သိန်း စုစုပေါင်း အသင်းသူ/ အသင်းသား (၂၁၁)ဦးအား ငွေကျပ်သိန်း(၆၆၀)ကိုထုတ်ချေးပေးခဲ့ကြောင်း ကျောက်ဆည် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက ပြောပြ၍ သိရသည်။

                                                                                                                   မင်းမြင့်မိုရ်