Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြစ်သားမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား၊ ပန်းရန်သင်တန်းဖွင့်

27 July 22

မြစ်သား ဇူလိုင် ၂၅

          မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုစေ ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက် အကူပြု လက်သမား၊ ပန်းရံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ ကျောက်ဆည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်က အမှာစကားပြောကြားသည်။

          ဆက်လက်၍ မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကိုကိုအောင်က ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် ယခုကဲ့သို့ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။

          ထို့နောက် သင်တန်းနည်းပြများက သင်တန်းတွင်ပို့ချမည့်ဘာသာရပ်များ၊ သင်တန်း တက်ရောက်ရာတွင် လိုက်နာရမည့်စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာ ကြသော တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံ လွှဲပြောင်းပေး အပ်သည်။

          အဆိုပါအသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား၊ ပန်းရန်သင်တန်းတွင် မြစ်သားမြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသား ၁၅ ဦးကို ယနေ့မှ ဩဂုတ် ၁၅ရက်ထိ စာတွေ့၊ လက်တွေ့ ၂၂ ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း မြစ်သား မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်က ပြောပြ၍ သိရသည်။

                                                                                                          မောင်စိုင်