Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဖာပွန်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်း "

18 July 22

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍  ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်ကာ ဖွင့်လှစ်ပို့ချခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြုဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ဖာပွန်မြို့နယ် ကမမောင်းမြို့ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းရသည်။

ရှေးဦးစွာ ဖာပွန်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ဝင်းက အဖွင့်အမှာ စကားပြောကြားပါသည်။

ဆက်လက်၍ ဖာပွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းဆွေက အသက်မွေးဝမ်းကျောင်းအထောက်အကူပြုဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်ခဲ့ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး သင်တန်းကာလပြီး‌မြောက်အောင် တက်ရောက်ခဲ့သည့် သင်တန်းများအား ကျေးဇူး တင်ရှိ ပါကြောင်းပြောကြားပါသည်။

ထို့နောက် သင်တန်းကာလ ပြီးမြောက်အောင် တက်ရောက်ခဲ့သည့် သင်တန်းသားများအား ဖာပွန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ကြပါသည်။

အဆိုပါ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းကို ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာ များမှ သင်တန်းသား ၂၀ ဦးဖြင့် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းများကို တစ်လကြာ  စာတွေ့လက်တွေ့ အခမဲ့ ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း ဖာပွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းဆွေထံမှ သိရသည်။