ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ ၁၁ ရွာမှ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးစီမံချက်သင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရည်ရွယ်ချက်များ၊ စီမံကိန်းလုပ်ငန်းစဉ်များ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းဝန်ထမ်းများက ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP) နှင့်ပတ်သက်သည့် သင်ခန်းစာများကို ဆွေးနွေး ပို့ချကြပါသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP)သင်တန်းကို ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ ၁၁ ရွာမှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်(၂၂)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကို လေး ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။