Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်၊ကန့်ဘလူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာဆီ၊ဆပ်ပြာခဲနှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်းသင်တန်း

26 July 22

စစ်ကိုင်း ဇူလိုင်  ၁၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး ကန့်ဘလူမြို့နယ်၊ ဆိပ်ဖူးမြောင်ကျေးရွာ၌ "အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာဆီ၊ဆပ်ပြာခဲနှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်း သင်တန်း"ကို (၅-၇-၂၀၂၂)ရက်နေ့မှ (၁၉-၇-၂၀၂၂)ရက်နေ့ထိ အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပထမဦးစွာ ကန်ဘလူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ဦးကျော်မြင့်လွင်ဦးမှ အမှာစကားပြောကြားပြီး ကန့်ဘလူမြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာလာဝင်းက အဆိုပါသင်တန်းတွင် သင်ကြားပေးသည့် ပညာရပ်များကို မြေပြင်တွင် လက်တွေ့ အသုံးချ၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေလိုကြောင်း  ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းသူ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ သင်တန်းမှ တစ်ဦးချင်းစီပြုလုပ်ထားသော ပစ္စည်းများအား လက်ဆောင်ပေးအပ်ခြင်း၊ သင်ထောက်ကူပစ္စည်းများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းအား (၅.၇.၂၀၂၂)ရက်နေ့မှ (၁၉.၇.၂၀၂၂)ရက်နေ့အထိ (၁၅)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူစုစုပေါင်း(၂၁)ဦးတက်ရောက်ခဲ့ကြောင်း  သိရှိရပါသည်။

ကိုမြတ်