Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စာရင်းဇယားများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

22 July 22

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း များနှင့် စာရင်းဇယားများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒေါ်မြင့်ဝင်း (ဒုတိယညွှန်ကြားရေးမှူး-နည်းပညာ)နှင့်တာဝန်ရှိသူများသည် မိတ္ထီလာခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေး လုပ်ငန်း၊ Cash for Work စီမံကိန်းလုပ်ငန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)၊ ကျေးလက်ကုန်ထုတ်လမ်းတို့အား အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် စာရင်းဇယားများကို ဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။ ၎င်းအပြင် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်း ၁၃ ခုဖွင့်လှစ်ရန် လျာထားပြီး ယခုလက်ရှိ အချိန်အထိ သင်တန်း ၇ ခုဖွင့်လှစ်နိုင်ခဲ့သည်။ ကျန်ရှိသော သင်တန်း ၆ ခုအား သတ်မှတ်ကာလအတွင်း ဆက်လက်ဖွင့်လှစ်ဆောင်ရွက်နိုင်တို့ကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ဒုတိယညွှန်ကြားရေးမှူးထံမှ သိရသည်။

မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှု အောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာ နှစ်၌ ကျေးလက်ရေရရှိရေးလုပ်ငန်း ၁၃ ခု၊  Cash for Work စီမံကိန်းကျေးရွာ (၄)ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) ၃၆ ရွာ ကျေးလက်ကုန်ထုတ်လမ်း (၇)လမ်း တို့အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။