Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သံတွဲမြို့နယ်၌ကိတ်မုန့်၊ပေါင်မုန့်ထုတ်လုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

23 July 22

     ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ သံတွဲခရိုင်၊ အသေးစားလက်မှုလုပ်ငန်း ဦးစီးဌာန နှင့် ပူးပေါင်း၍ ရွှေလှေ စံပြကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌  ကိတ်မုန့်၊ ပေါင်မုန့် ထုတ်လုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ရာဖွင့်ပွဲအခမ်းအနားတွင်သံတွဲခရိုင်ကျေးလက်ဦးစီးမှူးက သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာ၌ သင်တန်းသား(၂၀)ဦးဖြင့်ယခုဖွင့်လှစ်သည့် ကိတ်မုန့်၊ ပေါင်မုန့် ထုတ်လုပ်သည့် သင်တန်းသည် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ လမ်းညွှန်ချက်အရ ရွှေလှေ ကျေးရွာသည် ခေတ်မီစံပြကျေးရွာ  (Smart Village) ဖြစ်သည် နှင့် အညီ ဒေသခံ ပြည်သူများ၏  မိသားစုဝင်ငွေတိုး လုပ်ငန်းဆောင်ရွက်စေလို၍လည်းကောင်း၊ ဒေသထွက်စားသောက်ကုန်  ပစ္စည်းအဖြစ် အနယ်နယ်အရပ်ရပ်သို့ ဖြန့်ချီရောင်းချစေလို၍ လည်းကောင်း စေတနာထားကာ  ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံသင်တန်း သူများအနေဖြင့်လည်း စိတ်ပါဝင်စားစွာ  သင်တန်းကို အစ/အဆုံး တက်ရောက်သင်ယူကြရန် နှင့် လက်တွေ့ဆောင်ရွက်မှုအား စျေးကွက်သို့ ဖြန့်ချီနိုင်သည်အထိ ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။