မြစ်သား ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိရေးအတွက် ရည်ရွယ်၍ ဝက်ထိန်းကျေးရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိ သူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဆည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်၊ မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများက ဝက်ထိန်းကျေးရွာ၌ ဒေသခံပြည်သူများ အသုံးပြုလျက်ရှိသော လက်တူးတွင်းကျယ်မှ ရေကို 3HP Centrigugal Pump Single ဖြင့် စင်မြင့်ရေတင်သို့ တွန်းတင်ပြီး ရွာတွင်းပိုက်လိုင်းသွယ်ကာ ရေဖြန့်ဝေပေးနိုင်ရေးအတွက် 3HP Centrigugal Pump Single အလျား ၅ ပေ ၊ အနံ ၅ ပေနှင့် အမြင့် ၇ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းနှင့် ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး လုပ်ငန်းများ အရည်အသွေးပြည့်မီ အောင် ဆောင်ရွက်နိုင်ရန် ဆွေးနွေးမှာကြားသည်။
အဆိုပါ လုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၂၄ ဒသမ ၄၆၆ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါက မြစ်သားမြို့နယ် ဝက်ထိန်းကျေးရွာရှိ အိမ်ခြေ ၂၀၅ အိမ်မှ လူ ၈၂၆ ဦးတို့အတွက် သောက်သုံးရေများ များစွာအကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မင်းမြင့်မိုရ်