Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဘူးသီးတောင် မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေထုတ်ချေးပေးခြင်း

25 July 22

       ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ပြန် လည်ထုတ်ချေး ပေးခြင်းကို ဇူလိုင်လ ၂၅ ရက်က ဆောင်ရွက်ခဲ့ကြရာ  ဘူးသီးတောင်မြို့နယ် ငကျဉ် တောက် ကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း ချေးငွေ(အဌမအကြိမ်) အဖြစ် ထုတ်ချေးခြင်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင်နှင့် တာဝန်ခံ ဝန်ထမ်းများက ကွင်းဆင်းပြီး အိမ်တိုင်ရာရောက် ထုတ်ချေးပေးခဲ့ကြပြီး ငကျဉ် တောက်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၂၃ ဦးအားချေးငွေကျပ်သန်း ၁၃ ဒသမ ၅၀၊မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၉ ဦးအား ချေးငွေကျပ်သန်း ၇ ဒသမ ၂၀ နှင့်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၃၃ ဦးအား ချေးငွေကျပ်သန်း ၁၇ ဒသမ ၅၀ စုစုပေါင်း အသင်းဝင် ၇၅ ဦးကို လုပ်ငန်း အမျိုးအစား အ လိုက် ချေးငွေကျပ်သန်း ၃၈ ဒသမ ၂၀ ကို ထုတ်ချေး ပေးခဲ့ကြောင်းသိရှိရပါသည်။