ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ကျေးလက်ဒေသ ဖွွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဝကန် ကျေးရွာ၌ အဝကန် ကျေးရွာတွင်း မြစိမ်းရောင်အတိုးရငွေဖြင့် ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှုကို မြို့နယ်ဦးစီးမှူး ဦးဦးသန်းထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာများမှ နံနက်(၁၁:၀၀)အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ ပေါက်တောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဝကန် ကျေးရွာတွင်(၂၀၁၆-၂၀၁၇)ခု ဘဏ္ဍာရေးနှစ်မှ စတင်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း လည်ပတ်ရန်ပုံငွေ ကျပ်သန်း ( ၃၀ )ကို အသင်းသူ / အသင်းသား များသို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် ထုတ်ချေးခဲ့ရာ ဒုတိယအကြိမ်မြောက် အတိုးရငွေ ၏ (၅၀)ရာခိုင်နှုန်း ငွေကျပ်( ၆.၆ )သန်းနှင့် ပြည်သူထည့်ဝင်ငွေ ( ၂ ) သန်းတို့ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်း အလျား( ၃၄၈’)အကျယ်(၁၀’) ထု ( ၆”) ရှိပြီး အဆိုပါကွန်ကရစ်လမ်းမှာ ရာနှုန်းပြည့် ပြီးစီးပြီး ဖြစ်ကြောင်း သိရှိရပါသည်။