Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်

21 July 22

ပုသိမ်ကြီး ဇူလိုင် ၁၄

          မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူပေါင်း၍ အသက်မွေးဝမ်း ကျောင်း အထောက်အကူပြုဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

          ရှေးဦးစွာ ​ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊တိုင်းဒေသကြီး ဦးစီးမှုး ဦးကြည်စောက အဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ်က အမှာစကား ဆက်လက်ပြောကြားသည်။ ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက သင်တန်းဖွင့်လှစ်မှုအပေါ် ဝမ်းမြောက်စကား ပြောကြားပြီးနောက် မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှ သင်တန်းနည်းပြများက မိတ်ဆက်စကား အသီးသီး ပြောကြားကြသည်။

          ဆက်လက်၍ သင်တန်းဖွင့်လှစ်ပို့ချမည့် နေရာသို့ သွားရောက်ကြည့်ရှုကာ သင်တန်းသားများအတွက် သင်ထောက်ကူစာအုပ်များပေးအပ်ပြီး ဆိုင်ကယ်ပြုပြင်သင်တန်း ၏ ပို့ချမည့် စက်ပြင်ကိရိယာပစ္စည်းများ ပြင်ဆင်ထားရှိမှုတို့ကို လေ့လာကြည့်ရှုကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက် ဖြည့်ဆည်းပေးသည်။

အဆိုပါသင်တန်းကိုသင်တန်းသား ၁၅ ဦးဖြင့် ဇူလိုင် ၁၄ရက်မှ ဩဂုတ် ၉ ရက်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ၂၁ ရက်ကြာ ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်း သိရှိရသည်။

                                                                                                (၀၉၅)