မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဇူလိုင်လ ၁၇ ရက် နံနက်ပိုင်းက ရွှေကူကျေးရွာဘုန်းတော်ကြီးကျောင်းတွင်ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းVDP မိတ်ဆက်ရာတွင် မြို့နယ် ဦးစီးမှူး ဦးဝင်းနိုင်ဦးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းVDP ဖြင့် ကျေးရွာ(၁)ရွာတွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၁၀၀ နှင့် ကျေးရွာလူထုထည့်ဝင်ငွေ ရန်ပုံငွေတို့ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ရာ အဆိုပါကျေးရွာများအနက် ရွှေကူကျေးရွာတွင် စီမံကိန်းကိုဆောင်ရွက်သွား မည်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် ကျေးရွာ၏လိုအပ်ချက်များကို ကျေးရွာသူ၊ ကျေးရွာ သားများ၏ အများဆန္ဒဖြင့် ရွေးချယ်ခြင်း၊ ဆုံးဖြတ်အကောင်အထည်ဖော်သည့် စိမံကိန်းဖြစ် ကြောင်း၊ ကျေးရွာလူထုကိုယ်တိုင် မိမိကျေးရွာ အတွက် စုပေါင်းပြီး ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကျေးရွာကော်မတီကို အများဆန္ဒဖြင့် ရွှေးချယ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)မိတ်ဆက်ခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိ သူများ၊ ကျေးရွာသူ၊ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။