Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အမ်းမြို့နယ်၌ စုပေါင်း (Combine)ရေပေးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

16 July 22

        ရခိုင်ပြည်နယ်၊အမ်းခရိုင်၊ အမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးညီညီ လက်ထောက်ညွှန်ကြားရေးမှုး နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ဌေးလွင် တို့သည် အမ်းမြို့နယ်၊ ဂါယ်လောင်းကျေးရွာအုပ်စု၊ ( ဂါယ်လောင်း (ကျောင်းကုန်း) ၊ တောင်ဘက်၊ အောက်ကျင်း) ကျေးရွာ(၃)ရွာတွင် မရမ်းကြီး တစ်ဖက်ပိတ်ဆည်မှ စုပေါင်း (Combine) ရေပေးရေး လုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါ ကျေးရွာများသို့ ၁၄.၇.၂၀၂၂ ရက်နေ့တွင် မြေပြင် ကွင်းဆင်း စစ်ဆေးခဲ့ရာ  ဂါယ်လောင်း (ကျောင်းကုန်း) မြစိမ်းရောင်ကျေးရွာ စီမံကိန်း ကျေးရွာ ကော်မတီဝင်များနှင့်တွေ့ဆုံပြီး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်     နေမှု အတိုးအရင်း လည်ပတ်မှု အခြေအနေများအား မေးမြန်ပြီး စီမံကိန်း ချေးငွေများဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။