Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မာန်အောင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပေးအပ်ပွဲကျင်းပ

09 July 22

 

          ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့်  မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ နှစ်ရွာအား ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်မှ မတည်ထောက်ပံ့ငွေ   ကျပ်သိန်း ၃၀၀ ပေးအပ် ပွဲကို   ဇူလိုင် ၇ ရက်တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးမင်းဇော်ဟိန်းက အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း ငွေလွှဲပြောင်းပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍    ရှင်းလင်း ပြောကြားသည်။ မာန်အောင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စတင် ဆောင်ရွက်ခဲ့ပြီး ယခု ဘဏ္ဍာနှစ်တွင် စတင် ဆောင်ရွက်မည့် ပန်းဖဲ ကျေးရွာအုပ်စု မကျည်းကုန်းကျေးရွာ      နှင့် ကန့်ကော်တော ကျေးရွာ အုပ်စု ဖက်ယားကျေးရွာ အပါအဝင် မြို့နယ်အတွင်း မြစိမ်းရောင် စီမံကိန်းကျေးရွာပေါင်း ၃၆ ရွာထိရှိ လာမည်ဖြစ်ပြီး စီမံကိန်း ကျေးရွာများရှိ အိမ်ထောင်စု ၄၃၅၁ စုအား စီမံကိန်းမှ သတ်မှတ်    သည့် အတိုးနှုန်းအတိုင်း ကျေးရွာမှ သက်သာသည့် နှုန်းထားဖြင့် ချေးငွေရယူကာ အသင်းသား အသင်းသူ များ၏ တစ်နိုင်တစ်ပိုင် လုပ်ငန်းအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအပြင် ရေလုပ်ငန်း၊ အရောင်းအဝယ် လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် တစ် ဖက်တစ်လမ်းမှ မိသားစုဝင်ငွေများ တိုးပွားရရှိနိုင်မည်ဖြစ်ကြောင်း သရှိရပါသည်။