Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ် "

07 July 22

ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီး ဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေဖြင့် ကျေးရွာ(၁၀)ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် (VDP) စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ကော်မတီဖွဲ့ စည်းခြင်းကို ဇူလိုင်လ(၇)ရက်နေ့ နံနက်ပိုင်းတွင် နောင်လီကျေးရွာ၊ကော့ဒိုင်ကျေးရွာ၊ကော့သာဆူးကျေး ရွာ၊ကော့ဘော်ကျေးရွာ၊နောင်နိုင်းကျေးရွာ၊ဆိပ်ဖူးကုန်းကျေးရွာတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာန၏  မြို့နယ်ဦးစီးမှူး ဦးစောဆားဒေါက်ဖော့မှ (VDP) စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ရည်ရွယ်ချက် လုပ်ငန်းစဉ်များ စီမံကိန်းကျေးရွာရွေးချယ်ရမည့် စည်းကမ်းချက်များနှင့် ပတ်သက်၌ရှင်းလင်းဆွေးနွေး ပါသည်။ထို့နောက်တက်ရောက်လာကြသောရပ်မိရပ်ဖများ၊ရွာသူရွာသားများက (VDP)စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် ကျေးရွာကော်မတီ(၇)ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့ စည်းခဲ့ပြီး ကျန်ကျေးရွာ(၄)ရွာအား စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်း စဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှ သိရသည်။