ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြ စိမ်းရောင် ကျေးရွာ စီမံကိန်းဝင်ကျေးရွာဖြစ်သည့် ရွာကြီး ကျေးရွာများ တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်း မပျောက်လည် ပတ်ရန်ပုံငွေ အဌမအကြိမ်ထုတ်ချေးပေးခြင်းကို ယနေ့နေလယ် ၂နာရီကအဆိုပါကျေး ရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီး မှူး၊ ဦးချမ်းငြိမ်းဝင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးလက်နေပြည်သူများ၏ ဝင်ငွေ လျော့နည်းလာမှုနှင့်စားဝတ်နေရေးအခက်အခဲများကို ဦးစားပေးနိုင်ရန် ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များက မြစိမ်းရောင် ကျေးရွာစီမံကိန်း ပဉ္စမအကြိမ်အဖြစ် သံတောင်ကြီးမြို့နယ် ရွာကြီးကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၂၁ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၅ဦး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၇ဦး စုစုပေါင်းအသင်သူ/သား ၆၃ဦးကို မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံ(ငွေကျပ်-၃၉၀)သိန်း၊ အား ကျေးရွာတွင် နေ့ချင်းအပြီးထုတ်ချေးပေးခဲ့ကြောင်းသိရသည်။