ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် Cash For Workစီမံကိန်းရန်ပုံငွေဖြင့် ဒေါင်းမြတ်နား ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ၌ စိုက်ပျိုးရေရရှိရန် လယ်ကြားမြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဇူလိုင် ၁၇ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ပန်းတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းသန်းဇော်နှင့်တာဝန်ခံဝန်ထမ်းများက ရွာသစ်ကေျးရွာ CFWစီမံကိန်းကော်မတီဝင် များနှင့်အတူ ရွာသစ်ကျေးရွာ၌ စိုက်ပျိုးရေရရှိရန် လယ်ကြားမြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကြောင်း သိရသည်။