မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၁၂)ရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ (၇၉၀)ဦးအား မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများ ထုတ်ချေးခြင်းကို ဇွန်လ ၂၈ ရက်တွင် အဆိုပါကျေးရွာများ၌ ကွင်းဆင်း၍ ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ (၁၂)ယူနစ်ကို လိပ်တက်၊ဆူးဖြူကန်၊ သံဘို၊ မလွှပင်၊ ကုလားရွာ၊ ညောင်ပင်၊ ခြေင်္သ့လက်၊ နွားနန်း၊ အောင်သာ(မ)၊ ဒါးဟတ်+ပဲလွန်းကုန်း၊ ကင်းရွာ၊ ဖလန်ကန်ကျေးရွာတို့မှ (၁၂) ယူနစ်အတွက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ် (၆/၂၀၂၂)လအတွင်း အရင်းဆပ်ကာလပြည့်မြောက်ခဲ့၍ အဆိုပါကျေးရွာများမှ ပြန်လည်ပေးဆပ်ခြင်းနှင့် ထုတ်ချေးခြင်းတို့ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးနှင့်ဝန်ထမ်းများက ကြီးကြပ်ပြီး ကျေးရွာ မြစိမ်းရောင်ကော်မတီဝင်များက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးသည်။ ယင်သို့ ထုတ်ချေးပေးရာတွင် ကျေးရွာ (၁၂) ရွာမှ စိုက်ပျိုးရေးလုပ်ကိုင်သူ (၂၉၆) ဦးအတွက် ထုတ်ချေးငွေ ၁၁၈ ဒဿမ ၂၀ သန်း၊ မွေးမြူရေးလုပ်ကိုင်သူ (၃၇၈) ဦးအတွက် ထုတ်ချေးငွေ ၁၅၁ ဒဿမ ၇ သန်း၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ (၃၁) ဦးအတွက် ထုတ်ချေးငွေ ၁၂ ဒဿမ ၇ သန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ (၆၈) ဦးအတွက် ထုတ်ချေးငွေ ၂၈ ဒဿမ ၇၅ သန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ (၁၇) ဦးအတွက် ထုတ်ချေးငွေ ၅ ဒဿမ ၄ သန်း တို့ကို အသီးသီးထုတ်ချေးပေးအပ်ခဲ့သည်။
အဆိုပါမြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကြောင့် ကျေးရွာမှ တစ်နိုင်တစ်ပိုင် မွေးမြူရေး၊ စိုက်ပျိုးရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် ကျေးလက်ဒေသ ဆင်းရဲမှုလျော့ချရေးနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်နိုင်လာနိုင် ခြင်း စသည့် အကျိုးကျေးဇူးများ ခံစားရရှိမှာ ဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူးထံမှသိရသည်။