Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပခုက္ကူမြို့နယ်၌ Cash For Work စီမံကိန်းစီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ပို့ချ

16 July 22

ပခုက္ကူမြို့နယ်၌ Cash For Work စီမံကိန်းစီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ပို့ချ

ပခုက္ကူ ၊ ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ် ၁၉ ကာလ အတွင်း အလုပ်အကိုင်ရှားပါးသော ကျေးလက်နေပြည်သူများ လုပ်အားခဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက် အအုံများ ဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့် Cash for Work (CFW) စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီး (ရွာသစ်)ကျေးရွာ၌ ကျေးရွာစီမံကိန်းကော်မတီဝင်များအား စီမံကိန်းစီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းကို ဇူလိုင် ၁၅ရက်နံနက်ပိုင်းက ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ သင်တန်းဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပခုက္ကူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဦးဇော်လင်းနိုင်က ကုန်ထုတ် လုပ်ငန်းများနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာနေပြည်သူများ ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားလာစေရန်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ Cash for Work စီမံကိန်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားပါသည်။

 ဆက်လက်ပြီး ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ထွန်းက စီမံကိန်း၏ ရည်ရွယ်ချက်ဖြစ်သည့် ကိုဗစ်ကာလအတွင်း အလုပ်အကိုင်ရှားပါးသော ကျေးလက်နေပြည်သူများ လုပ်အားခ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေရန် ရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးရွာ (၁)ရွာလျှင် ကျပ်သိန်း (၁၀၀)ထောက်ပံ့ပြီး Cash for Work စီမံကိန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် စီမံကိန်း၏ လုပ်ငန်းစဉ်များ၊ ကျေးရွာကော်မတီဝင်များ၏ လုပ်ငန်းတာဝန်များ၊ စီမံကိန်းတွင် လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များ ရှင်းလင်းပြောကြားပြီးနောက် စီမံကိန်းတာဝန်ခံများက စီမံကိန်းအတွက် ဝယ်ယူရေးလုပ်ထုံးလုပ်နည်းများ၊ ငွေကြေးစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ၊ စောင့်ကြည့်ကြီးကြပ်ရေးနှင့် လုပ်ငန်းလည်ပတ်ထိန်းသိမ်း ရေးလုပ်ငန်းစဉ်များ စသည့် သင်ခန်းစာများကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် Cash For Work စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျွန်းညိုကြီး (ရွာသစ်)ကျေးရွာမှ ကော်မတီဝင် ခုနှစ်ဦး တက်ရောက်သင်ယူခဲ့ကြကြောင်း သိရသည်။

မယ်သင်း